Loading proofofbrain-blog...

Now Sold Out

fb_img_1638790212152

ရင်ထဲက အလုံးကြီး တလုံးတော့ ကျသွားခဲ့ပြီ။ တခြား မဟုတ် ကျနော့် စာရေးခုံတွေ ရောင်းထွက် သွားခဲ့ပြီ ဖြစ်၏။ လုပ်ထားပြီး မသုံးဖြစ် နှစ်အတော်ကြာမှပဲ ရောင်းထွက် သွားခဲ့၏။ ထို ခုံတွေ စလုပ်တုန်းက အချိန်တွေ ပြန်သတိရမိသားရယ်။ ထိုစဥ်က ကိုယ်ပိုင် သင်တန်းလေး ဖွင့်မယ်ဆိုပြီး အနှီ ခုံတွေကို လုပ်ခဲ့ခြင်း ဖြစ်၏။

တွင်ခုံလုပ်သည့် သူငယ်ချင်းမှ သူ့ တပည့်လေး တယောက်နား ပြောပေးခြင်း ဖြစ်၏။ ထိုသူငယ်ချင်းက အဲ့တုန်းက ကာလိမြို့ ရောက်နေသဖြင့် သူ့ တပည့်လေးနား အပ်ပေးခြင်း ဖြစ်၏။ ပစ္စည်းတွေကတော့ ကျနော်နှင့်သူ အတူ သွားဝယ်ကြ၏။ ပစ္စည်းစျေးတွေတော့ မမှတ်မ်တော့ပေ။ အဝယ် ဘောက်ချာ သိမ်းထားခဲ့ပေမယ့် ဘယ်နား ထားလို့ ထားမိမှန်း မသိတော့ပေ။ ပြန်ရှာလို့ မတွေ့တော့ပေ။ ပစ္စည်းစျေးတွေ မမှတ်မိတော့ပေမယ့် သူ့ လက်ခကိုတော့ မှတ်မိ၏။ တစုံ တသောင်းခွဲ ယူ၏။

ဆယ်စုံ လုပ်တာဆိုတော့ လက်ခက တသိန်းခွဲ ကုန်ကျ သွားခဲ့၏။ ပစ္စည်းဖိုးတွေနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင်တော့ ခန့်မှန်းခြေအားဖြင့် ၅ သိန်းနားတော့ ကပ်မည် ထင်၏။

img_0.8127528964656033

ခုံတွေ အပ်ထားပြီးကာမှ စာသင်ခုံတွေ တပါတည်း ပါပြီးသား ဖြစ်သည့် အခန်းကို ငှားလို့ ရခဲ့၏။ သို့နှင့်ပင် အဆိုပါ လုပ်ထားသည့် ခုံတွေကို မသုံး ဖြစ်တော့ပေ။ ထိုစဥ်က အိမ် အဟောင်းကနေ လက်ရှိ နေနေသည့် အိမ်ကို မပြောင်းရသေးပေ။ ခုံတွေကို ထိုညီလေး၏ အလုပ်ရုံကနေ အိမ်အသစ်သို့ ရွှေ့ထားခဲ့၏။ လူမနေသေးတော့ အိမ် အပေါ်ထပ်မှာ ထား၏။ ပြီး ထိုစဥ်က အောက်ထပ်မှာ မီးဖိုခန်းလည်း မလုပ်ရသေးဘူးကိုး။

ကျနော်တို့ ပြောင်းနေဖြစ်တော့ ခုံတွေ အောက်သို့ရွှေ့ပြီး မီးဖိုခန်း အပြင်မှာ ထား၏။ အမိုးအောက် ပေမယ့် တခါတလေ လေနဲ့ မိုးနဲ့ တွဲလာပါက ခုံတွေကို မိုးပတ်လေ့ ရှိ၏။ ကျနော် နေဖို့ အခန်း လုပ်မယ်ဆိုတော့ အနှီခုံတွေ အတွက် နေရာက စဥ်းစား ရပြန်၏။ အဒေါ်အိမ်မှာ တချို့ တဝက်၊ ယောက်ဖ၏ ဆိုင်မှာ တချို့ တဝက်ထား ထား၏။

အခန်းလည်း ပြီးရော အနှီ ခုံတွေကို အိမ်မှာထက် တခြားမှာ ပြောင်းထားချင်လာ၏။ ရောင်းဖို့က ပြောထားပေမယ့် ခုထိ မဆက်စပ်မိနေသေးပေ။ ရောင်း ရ၊ မရ သေးတာထက် အဆိုပါ ခုံတွေကို မြင်နေရတာက စိတ်ထဲ အဆင်မပြေနေပေ။ သူငယ်ချင်းက သူ့အိမ်မှာ (အိမ် အလွတ်) လာထား ပြောသဖြင့် ဝမ်းသာစွာ သွားထားလိုက်၏။

ခုံတွေ သူငယ်ချင်း အိမ် ရွှေ့ပြီး တပတ် အကျော်မှာပင် ခုလို အဝယ်တည့်သွားခဲ့ခြင်း ဖြစ်၏။ ဆယ်စုံလုံးတော့ မရောင်း ဖြစ်ပေ။ အိမ်မှာ သုံးဖို့ နှစ်စုံတော့ ချန်ထားပြီး ရှစ်စုံသာ ရောင်းလိုက်၏။ ဝယ်သွား ညီလေးကလည်း အသိပင် ဖြစ်၏။ သူငယ်ချင်း @saikaungzawthant က မိတ်ဆက်ပေးခြင်း ဖြစ်၏။ ကျေးဇူး တင်ရပါ၏။

H2
H3
H4
3 columns
2 columns
1 column
9 Comments