Loading proofofbrain-blog...

ကိုယ့်အကြောင်းနှင့် ကိုယ်

img_0.7621092795142147.jpg

ဒီအချိန် ဒီရာသီက ပွင့်လင်းရာသီဟု
ပြောပါ‌ သော်လည်း ယခုတော့ မိုးများ
ရွာနေသည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း
လများက မြန်မာတို့အတွက် ပျော်စရာ၊
‌ရွှင်စရာ၊ လှူတန်းရာ လရာသီများဖြစ်ပေသည်။
အထူးသဖြင့် ငထွေးတို့ မန္တလေးမြို့ကြီးက
သာ၍ပင် ပျော်ရွှင်လှူဒါန်းမှုများလေသည်။

သီတင်းကျွတ်သည်နှင့် ပေါလိုက်သည့်
ဘုရားပွဲများ ရပ်ကွက်တိုင်း ဘုရားပွဲ၊
ဓမ္မာရုံဘုရားပွဲများ ကို ဇာတ်ပွဲ၊ အငြိမ့်ပွဲများ
ဖြင့် သူ့ရပ်ကွက် ကိုယ့်ရပ်ကွက် အပြိုင်နွဲ
ခဲ့ကြသည်။ ပျော်ပွဲ ရွှင်ပွဲ အင်မတန်မက်သည့်
မြန်မာလူမျိုး။ ဆယ့်နှစ်လရာသီပွဲများအပြင်
ဘုရားဖူးဆိုသည့် ဘုရားလည်ကလည်း
သွားလိုက်ကြသည်။

လွန်ခဲ့သောငါးနှစ်က အုပ်ချုပ်သူများ
ကောင်းမှုကြောင့် ကားဈေးများကျခြင်း၊
ကတ္တရာလမ်းများကောင်းခြင်းကြောင့်
ဘုရားဖူးခရီးများအတွက် အလွန်အဆင်ပြေ
လှသည်။ ကားကောင်းကောင်း လမ်းကောင်း
ကောင်းဖြင့် ခရီးသွားရတာ စိတ်ချမ်းသာစရာပါ။

20171223_090741.jpg

သို့ပေသိ အပျော်ဆိုတာ အချိန်အခါရွေး၍
ပျော်စေချင်ပါသည်။ အိမ်ရှေ့ပူ အိမ်နောက်
မချမ်းသာဆိုသလို ကိုယ့်ရဲ့ အိမ်တွင်းရေး
စိတ်မချမ်းသာသည့်အခါ ပျော်မရပါ။
ငို‌နေသူများကြား ပျော်သူ ရီသူများရှိပါက
မည်မျှ အကျည်းတန်ပါသလဲ။

သို့သော် အပျော်မက်သူများအဖို့
ရေရှည်ကြီးတော့ မနေနိုင်ပါဘူးကွာ။
စိတ်ထွက်ပေါက်တော့ရှိရမှာပ ဘာပေါ့
ညာပေါ့ အကြောင်းပြချက်ပေးကြသည်။
တချို့က ပြန်လည်းရေးသား ချေပကြသည်။
သူရို့ ဘုရားဖူး ခရီးထွက်သမို့ အဆိုပါဒေသမှ
လူများ စီးပွားရေး ပြန်လုပ်ကိုင်နိုင်ကြရှာတာ
ဟုပြောဆိုသည်။

ကိုယ့်အကြောင်းနဲ့ ကိုယ်တော့ ဟုတ်နေကြသည်။
အပျော်မက်သူနှင့် မလျော်ဘူး ထင်ပါတယ်ဟု
ဆိုသူတွေကြား ကိုယ့်အသိနှင့်ကိုယ်ပါ။
အကြောင်းကြောင့် အကျိုးဖြစ်သလို၊
အကျိုးကြောင့် အကြောင်းဖြစ်လာတဲ့
လောကကြီးမှာ ကိုယ့်ဟာနဲ့ ကိုယ်တော့
ဟုတ်နေကြပါသည်။

@htwegyi
21-10-2021

H2
H3
H4
3 columns
2 columns
1 column
10 Comments