Loading proofofbrain-blog...

မျှော်မှန်းထားသည့်အတိုင် ဖြစ်မလာ

img_0.6882841969935812

ဒီနေ့ကတော့ ကံမကောင်းတဲ့နေ့လို့ပြောရမလား အစကတည်းက အခက်အခဲဖြစ်နေတော့ သွားရလာရတာအခက်အခဲရှိလို့လာမသိဘူး။အခုတော့ လမ်းဘေးမှာအိပ်ဖို့အကြောင်းဖန်လာခဲ့ရပြီးပေါ့။

ငါးအိုးကိုမနက်၅နာရီ မန်းလေးကနေစထွက်မယ်ဆိုပြီးတော့မနေ့ညကမအိပ်ခင်ကတည်းကအစီအစဥ်ဆွဲထားခဲ့ပါတယ်။ဒါပေမယ့် တခြားလိုက်မယ့်သူတွေကတော့ ခပ်စောစောလေးအိပ်သွားကြတယ်။ကိုယ်တစ်​ယောက်တည်း အိပ်မပျော်ဘူးဖြစ်ဖြစ်နေတယ်။မနက်၅နာရီသွားရမယ်ဆိုတဲ့အသိနဲ့အိပ်လဲ အိပ်လို့မရဘူး။ဒါနဲ့ပဲ အိပ်မရတဲ့အတူတူ ဖုန်းပဲဆက်သုံးလိုက် ဇာတ်ကားပဲကြည့်လိုက်နဲ့ မနက်၂ခွဲလောက်မှ အိပ်ပျော်သွားတယ်။

လူ့စိတ်ကလဲတော်တော်တော့ထူဆန်းသား လူကမနက်၅နာရီ ပတ်ချာလည်ဆိုတာနဲ့သူ့အလိုလိုကို နိုးနေတယ်။မနက်နိုးတာနဲ့ အိပ်ယာသိမ်း ရေမိုးချိူးလိုက်ပါတယ်။ချိူးပြီးတာနဲ့ uniform လေးဝတ်ပြီးလုပ်စရာရှိတာလုပ်လိုက်တာ လူအများနဲ့သွားရတာဆိုတော့ မနက်၇နာရီလောက်မှပဲထွက်ဖြစ်ပါတယ်။မန်းလေးကနေ မနက် ၇နာရီလောက်ထွက်ဖြစ်ပေးမယ့် မန်းလေးတင် ကားဘီးကို သံချောင်းထိုးတာခံလိုက်ရတယ်။

မနက် ၇နာရီဖြစ်နေတော့ ဆိုင်တွေကရှာမရခဲ့ဘူး။တော်တော်ရှာယူလိုက်ရပါတယ်။ရှာယူရတယ်ဆိုတာက ဆိုင်တွေမဖွင့်သေးလို့ပါ။ဘီးကဖာနေရင်လဲ အချိန်ယူရမယ်ဆိုတော့ မဖာတော့ဘဲ စပယ်ရာဘီးနဲ့လဲပြီးတော့ ထွက်လာခဲ့ပါတယ်။မနက်စာကတော့ လမ်းမှာတင်တခုခုပါဆယ်ဝယ်ပြီးတော့ ကားပေါ်မှာတင် စားလိုက်ပါတယ်။မနက်၅နာရီထွက်မယ့်ကားက မနက်၇ခွဲလောက်မှ မန်းလေးကနေ ထွက်ဖြစ်ပါတယ်။
@kaunglay2
22:40PM

H2
H3
H4
3 columns
2 columns
1 column
2 Comments